Almarhum (2025)
ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို တကယ်ကြည့်လိုကောင်းပါတယ်။ ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တိုဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေသူပါ။ မိဘနဲ့သားသမီးကြား မပြောပလောက်တဲ့ အသေးအဖွဲကိစ္စလေးတွေကလွဲရင် ဘာကြီးကြီးမားမားပြဿနာမှမရှိဘဲ သာယာတဲ့ သာမန်မိသားစုလေးတစ်ခုပါပဲ။ တစ်နေ့တော့ အဲဒီမိသားစုလေးထဲ မုန်တိုင်းထန်ဖိုအကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူသေဆုံးသွားတာကြောင့်ပါပဲ။ သေဆုံးတာကလည်း ကံဆိုးတဲ့ရက်လို ယူဆကြတဲ့နေ့မှာပါ။ သူတိုဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို အများကယုံကြည်ထားကြပါတယ်။ မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို