Interstellar (2014)
2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ..ဒါရိုက်တာကလည်း Christopher Nolan ဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး Visual Effectsy ပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ ဆုနဲ့ ဆန်ကာတင် ၁၄၄ ဆုစာရင်းဝင်ခဲ့ပါတယ်..2014ရဲ့အကောင်းဆုံး ၁၀ ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်..(Background Music တွေလည်း နားထောင်လိုကောင်းလို နားထဲတောင်စွဲနေပါလိမ့်မယ်ဇာတ်လမ်းကတော့ 21 ရာစုလယ်လောက်မှာ ကမ္ဘာပျက်ကိန်းဆိုက်လုပြီဖြစ်တဲ့အတွက် နာဆာပိုင်းလော့ဟောင်း ကူးပါးခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ် ၁၀ နှစ်အရွယ် သမီးလေးမာ့ဖ်ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း အာကာသကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား..ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့Visual Effects ကောင်းကောင်းလေးနဲ့ ဒီကား အရမ်းမိုက်တယ်။