John Wick (2014)
JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်.. ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး.. ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကို ထိတ်လန့်ကြောက်ရွံနေတယ်လို ပြောရမည်ထင်သည်.. လူသတ်လက်နက်ပေါင်းစုံနဲ့ အပစ်အခတ်တွေ၊ သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေ ချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကို နွေးထွေးတဲ့ သီးခြားကမ္ဘာငယ်လေးဆီ ခေါ်ဆောင်လာခဲ့တယ်.. JOHN WICK ကြီးအတွက် ပျော်စရာနေ့ရက်တွေပေါ့.. သိုပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး.. JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်.. တစ်ယောက်တည်း အထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို စာရေးခဲ့ပြီး ခွေးလေးတစ်ကောင်ကိုထားခဲ့တယ်.. ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ.. တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီးလိုချင်လို ဝင်ခိုးရာကနေ John ရဲ့ ခွေးလေးကိုပါ သတ်ပစ်ခဲ့ပါတယ်။ ခွေးတော့ခွေးပါပဲ..