Guardians Of The Galaxy Vol 2 (2017)
Vol 1 မှာတုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တိုဟာ ဂလက်ဆီကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖိုအတွက် ငှားရမ်းခဲ့ပါတယ်။ အဲဒါတွေထဲက တချိုကို ရော့ကက်က ခိုးယူလာခဲ့တဲ့အတွက် ဆိုဗာရိန်းတွေက သူတိုအဖွဲရဲ့ယာဉ်ပျံကို ဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်း ဂါးဒီးယန်းအဖွဲဟာ သူတိုရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီထူးဆန်းတဲ့အရာက သူ့ကိုယ်သူ ကွီးလ်ရဲ့ဖခင် အီဂိုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး သူနေတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ ကွီးလ်ရဲ့ အဖေအီဂိုက သူဟာ နတ်ဘုရားကဲ့သိုသော သူတစ်ယောက်ဖြစ်ပြီး လူသားအသွင်ဖန်တီးပြီး အာကာသထဲကို သွားလာရင်း ကွီးလ်ရဲ့အမေမယ် ရီဒစ်နဲ့ ဆုံခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတ