Movie95
Sentimentaaal (2024)
Sentimentaaal (2024)

Sentimentaaal (2024)

2024 135 မိနစ် 4.8

မွန်ဘိုင်းမြိုရဲ့ အထက်တန်းကျတဲ့ ဘဝကနေ ရိုဂူနာသ်ပူလိုမျိုး မတရားမှုတွေ ထူပြောတဲ့ ဒေသလေးဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ရဲအရာရှိဆူရာယာ ဒီဒေသ အကြောင်းပြောရရင် ဒီမှာ မွေးဖွားလာတဲ့ကလေးတွေက အမေဆိုတဲ့စကားလုံးကို အရင်မသင်ရဘဲ ဒီဒီမိုနီဆိုတဲ့ အမျိုးသမီးနာမည်ကို အရင်သင်ရပါတယ် ဒီအမျိုးသမီးက ဒီနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားတာကြောင့်ပါ မတရားမှုတွေမှာ သူ့ကိုမယုံလို ရဲဆီသွားတိုင်ရင်တောင် လချီကြာတဲ့အထိ ဘာသတင်းမှမရတဲ့အချိန် ဒီအမျိုးသမီးကတော့ ဘယ်လိုပြဿနာမျိုးကိုမဆို နေ့မကူးဘဲ ဖြေရှင်းနိုင်စွမ်းရှိပါတယ် ဒါပေမဲ့တစ်ဖက်မှာလည်း တရားမဝင်လုပ်ငန်းတွေနဲ့ အုပ်စိုးနေတာကို ဆူရာယာတစ်ယောက် မျက်ကွယ်ပြုနိုင်ပါ့မလား ဆူရာယာနဲ့ ဒီဒီမိုနီတိုရဲ့ အားပြိုင်မှုကို အဓိက ပုံဖော်ထားတဲ့ဒီကားမှာ မတရားမှုတွေကို တွန်းလှန်ရင်း သူ့ရဲ့မိသားစုနဲ့ ဒေသခံပြည်သူတွေကို ကာကွယ်ဖို ဆူရာယာက ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဒီလို တိုက်ပွဲဝင်ရင်းနဲ့ပဲ မထင်မှတ်ထားတဲ့ အချစ်ရေးပြဿနာတွေ ဟာသအလွဲလေးတွေနဲ့လည်း ကြုံတွေ့ရဦးမှာဖြစ်လို လိုက်ပါကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

အမျိုးအစား: ActionDramaCrime

ဆက်စပ်