Movie95
Tainted Love 2023
Tainted Love 2023

Tainted Love 2023

2023 100 မိနစ်

ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လိုခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တိုလို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။ 2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြိုကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတိုနဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတိုကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြိုကိုရောက်လာချိန်မှာတော့.... သူတိုကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖိုတိုက်တွန်းပါရစေ

အမျိုးအစား: CrimeMysteryDramaThriller

ဆက်စပ်