Movie95
Killers of the Flower Moon 2023
Killers of the Flower Moon 2023

Killers of the Flower Moon 2023

2023 208 မိနစ် 8

1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတိုနေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတိုမြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိငွေဈေးနဲ့ဆိုရင် သူတိုမျိုးနွယ်ပိုင်ဆိုင်မှုက သန်း ၄၀၀ လောက်ရှိပါတယ်။ ချမ်းသာ လာတာနဲ့အညီ အကောင်းဆုံးတွေကိုသုံးစွဲပြီး လက်ဖွာတဲ့နေရာမှာ အရမ်းကို နာမည်ကြီး လာတဲ့အတွက် အမေရိကန်အစိုးရက ဥပဒေတစ်ခုနဲ့ ထိန်းသိမ်းတာခံခဲ့ရပါတယ်။ ဒါကတော့ ငွေကြေးကို ထင်တိုင်းသုံးစွဲလိုမရဘဲ “ငွေကြေးမစီမံနိုင်သူ” အဖြစ်သတ်မှတ်ခံရရင် လူဖြူ အုပ်ထိန်းသူတစ်ယောက်ဆီကနေပဲ ကိုယ်ငွေကြေးကို သတ်မှတ်ထားသလောက်ပဲ ပြန်ထုတ် သုံးခွင့် ရတော့တာပါ။ အဲဒီကာလမှာပဲ အိုဆေ့အင်ဒီယန်းပေါင်းများစွာ အသတ်ခံခဲ့ရပြီး အမှုတွေကိုလည်း တရားခံ ရေရရာရာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့ အိုဆေ့တွေပိုင်ဆိုင်တဲ့ မြေတွေနဲ့ ရေနံခံစားခွင့်တွေကို နည်းမျိုးစုံနဲ့လုယူဖို ကြိုးစားခဲ့တဲ့လူဖြူ တွေလက်ချက်ပါပဲ။ ဒီအမှုဟာ အက်ဖ်ဘီအိုင်ရဲ့ ပထမဆုံး ကိုင်တွယ်ရတဲ့အမှုဖြစ်လာပြီးမှ အမှုမှန်ပေါ်ပေါက်လာပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း —————- အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ် လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင် မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစား ခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကို စည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။

အမျိုးအစား: CrimeDramaHistory

ဆက်စပ်