Priscilla (2023)
2023
•
113 မိနစ်
•
6.5
ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတိုစတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတိုရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တိုရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။
အမျိုးအစား: DramaRomance