Pariah (2024)
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲတစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲတစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တိုရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖိုလိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတိုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..