Movie95
Jigarthanda Double X (2023)
Jigarthanda Double X (2023)

Jigarthanda Double X (2023)

2023 170 မိနစ် 8.4

တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လိုရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖိုနဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖိုအခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှိဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။ ၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖိုကြိုးစားနေတဲ့အချိန်။ အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။

အမျိုးအစား: ActionDramaThrillerCrime

ဆက်စပ်