Movie95
Family Swap (2023)
Family Swap (2023)

Family Swap (2023)

2023 106 မိနစ် 5.7

ဝေါလ်ကာတိုမိသားစုရဲ့ ကလေးအကြီးနှစ်ယောက်ဟာဆိုရင် ဆယ်ကျော်သက်တွေဖြစ်လာကြတဲ့အလျောက် ကလန်ကဆန်ပြုတတ်ကြတဲ့ "Rebellious Phase" ကို ရောက်လာကြပါတယ်။ သားတော်မောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးလ်တက္ကသိုလ်အင်တာဗျူးဖြေပြီး အဝေးကိုကျောင်းသွားတက်ရမှာကတစ်ကြောင်း၊ သမီးတော်က နောက်ရာသီနိုင်ငံအသင်းမှာပါဝင်ခွင့်ရသွားရင် အိမ်နဲ့ခွဲရပြီး စခန်းသွင်းလေ့ကျင့်နေရမှာကတစ်ကြောင်း၊ အဲဒီကိစ္စနှစ်ခုကြောင့် မိဘနှစ်ယောက်က စိတ်ဖိစီးပြီး ခရစ္စမတ်မှာသောကရောက်နေရပါတယ်။ တစ်နေ့ ဝေါလ်ကာမိသားစုတို ခရစ္စမတ်မှာ မိသားစုလိုက်လျှောက်သွားကြဖိုဆိုပြီး နက္ခတ်တာရာပြခန်းကိုရောက်လာကြတဲ့အခိုက်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ကြုံပြီး Body Swap တွေဖြစ်သွားကြပါတယ်။ အဖေက သားနဲ့ပြောင်းပြန်၊ သမီးက အမေ၊ အထွေးဆုံးသားလေးက ခွေးနဲ့ ခန္ဓာချင်းလဲသွားကြတဲ့အချိန်မှာ...

အမျိုးအစား: ComedyFamilyFantasy

ဆက်စပ်