Come Play (2020)
မာတီနဲ့ ဆာရာတိုမှာ စကားမပြောနိုင်တဲ့ အိုလီဗာဆိုတဲ့ မသန်စွမ်းသားလေးတစ်ယောက်ရှိပြီး သူ့တစ်ဘဝလုံးမှာ သူငယ်ချင်းလည်းမရှိဘဲ ဖုန်းနဲ့သာအများဆုံးနေလေ့ရှိတယ် တစ်ညမှာတော့ အိုလီဗာရဲ့ဖုန်းထဲမှာ ထူးဆန်းတဲ့ပုံပြင်တစ်ခုပေါ်လာခဲ့တယ် အိုလီဗာအဲ့ပုံပြင်ကိုပထမဆုံးကြည့်မိတဲ့အခါမှာ အိပ်မက်ဆိုးတွေမက်ပြီး တစ်ခါတစ်ရံသူ့အိပ်ခန်းထဲမှာ ထူးဆန်းတာတွေဖြစ်လေ့ရှိတယ်အိုလီဗာဟာဖုန်းမှာမူမမှန်တာကိုသတိထားမိပြီးအဝတ်ဗီရိုထဲမှာ ဖွက်ထားလိုက်ပါတယ် ဒီလိုနဲ့တစ်နေ့မှာတော့ ဆာရာဟာ သူ့သားလေးကို သူငယ်ချင်းရစေချင်တဲ့အတွက်ကျောင်းကသူငယ်ချင်းတွေကိုသူတိုအိမ်မှာအိပ်ဖိုခေါ်ခဲ့ပါတယ်အိုလီဗာရဲ့သူငယ်ချင်းတွေဟာ ဖုန်းကိုရှာတွေ့သွားပြီး ပုံပြင်ကိုဖတ်မိသွားပါတယ် ပုံပြင်ပြီးခါနီးအချိန်မှာမီးသီးတွေပိတ်လိုက်ပွင့်လိုက်ဖြစ်ပြီးတော့ ဖုန်းကင်မရာနဲ့ကြည့်လိုက်တဲ့အချိန်မှာ မကောင်းဆိုးဝါးကောင်ကြီးရှိနေတာကိုကလေးတွေအားလုံးမြင်လိုက်ရပါတယ် ထိုနောက်မှာတော့ကလေးတွေဟာကြောက်လန့်ပြီးအိမ်ပြန်သွားခဲ့ပါတယ် နောက်ရက်မှာတော့ဆာရာဟာ အိုလီဗာရဲ့ဖုန်းကိုယူကြည့်ပြီး ထိုမကောင်းဆိုးဝါးဟာသူ့သားကိုခေါ်သွားချင်တာကို သိလိုက်ရပါတယ်