Wrath Of The Titans (2012)
ဒီကားကတော့ Clash of the Titans ရဲ့အဆက်ပါ ပထမကားထဲမှာ ပါးစီးယပ်စ်ဟာ ခရက်ကန်ကိုအောင်နိူင် တဲ့အတွက် ဖခင်ဖြစ်သူ ဇုစ်က ဆုချပေမယ့် ရိုးရှင်းတဲ့ တံငါသည်ဘဝနဲ့ပဲလူသားဆန်ဆန် နေထိုင်သွားဖို အဓိဌာန်ချခဲ့ပါတယ် အဲဒီမှာ သူဟာသားဖြစ်သူ ဟေးလီးယပ်စ်ကရရှိခဲ့ပါတယ် သူ့ဇနီးကွယ်လွန်ပြီးနောက်မှာ ဇနီးကိုကတိပေးထားတဲ့အတွက် ပါးစီးယပ်စ်ဟာနောက်ထပ်ဓါးမကိုင်ပဲသားကိုလည်း ဓါးကိုင်သူ တစ်ယောက်မဖြစ်အောင်စောင့်ရှောက်ပြီး ငါးဖမ်းခြင်းနဲ့အသက်မွေးနေခဲ့ကြတာပေါ့ တစ်နေ့မှာ ဖခင်ဖြစ်သူဇုစ်ရောက်ရှိလာပြီး ကမ္ဘာကြီးပျက်သုဉ်းတော့မယ့်အကြောင်း နတ်ဘုရားတွေဘဝလည်းပျောက်ပျက်ကုန်တော့မှာဖြစ်ကြောင်း အဲဒါကြောင့် ပါးစီးယပ်စ်ကိုအကူအညီလာတောင်းခဲ့ပါတယ် အစ်ကိုဖြစ်သူဇုစ်နဲ့ ပစိုက်ဒုန်တိုဟာ မြေအောက်လောကကိုအုပ်စိုးနေတဲ့ ညီတော်ဟေဒီးစ်ထံသွားရောက်ပြီးပူးပေါင်းဖိုသွားပြောတဲ့အခါမှာတော့ ဟေဒီးစ်နဲ့ဇုစ်ရဲ့သားတစ်ယောက်ဖြစ်တဲ့ အေးရီးစ်တိုက သစ္စာဖောက်အကောက်ကြံခဲ့ကြပါတယ် ဇုစ်ရဲ့စွမ်းအားတွေကိုစုပ်ယူပြီး ခရိုနော့ကိုပြန်အသက်သွင်းဖို ကြိုးစားသောအခါမှာတော့......