Twelve (2025)
ရှားရှားပါးပါး ကိုရီးယားသဘာဝလွန်ဇာတ်ကားလေး လာပါပြီ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Park Hyun Sik, Ma Dong Seok, Seo In Guk တိုလို နာမည်ကြီးတွေပဲမိုလို မကောင်းမှာတော့ မပူရဘူးနော် ရှေးခေတ်ဒဏ္ဍာရီမှာ လူသားမျိုးနွယ်တွေကို ကာကွယ်ဖို ရာသီခွင်နတ်သား ၁၂ယောက်က မကောင်းဆိုးဝါးတွေကို စွန့်လွှတ်အနစ်နာခံတိုက်ခိုက်ခဲ့ပြီးတော့ ငရဲတံခါးမှာ ချိတ်ပိတ်ထားနိုင်ခဲ့ပါတယ် အချိန်တွေကြာလာတော့ O Gwi ဦးဆောင်တဲ့မကောင်းဆိုးဝါးတွေက ပြန်လည်နိုးထလာပြီး လူသားတွေကို ဒုက္ခပေးဖို ပြန်ရောက်လာပါတယ် ဒါပေမဲ့ ရာသီခွင်နတ်သားတွေက သာမန်လူလို ဖြစ်နေတဲ့အတွက်ကြောင့် သူတိုရဲ့ထူးခြားတဲ့စွမ်းအင်ကို ဆင့်ခေါ်ပြီးမှ မကောင်းဆိုးဝါးကို တိုက်ခိုက်နိုင်မှာပါ သူတိုတွေ လူ့လောကကို ကာကွယ်နိုင်ပါ့မလား ဘယ်လိုလှည့်ကွက်တွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ အတိုက်အခိုက် သဘာဝလွန် CGI ကောင်းကောင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာမိုလို စောင့်မျှော်ပေးကြပါဦးနော်