Mysterious Story of the Executioner 2022
ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ် Soul ပရိတ်သတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆတ်ပေးပါမယ်နော် ဇာတ်လမ်းအညွှန်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ရှဲချီဆိုသူဟာ တစ္ဆေဓားကိုကျွမ်းကျင်ပိုင်နိုင်တဲ့ လက်မရွံလူသတ်သမားတစ်ယောက် ဖြစ်ပြီး သူဟာ သူ့ရဲ့တပည့်နှစ်ယောက်နဲ့အတူ အပြစ်ဒဏ်ခံနေရတဲ့အမျိုးသမီးအဆိပ်ခတ်လူသတ်သမားတစ်ဦးကို အမိန့်အရ ခေါင်းဖြတ်ကွပ်မျက်လိုက်တဲ့အတွက်ကြောင့် အဲဒီအမျိုးသမီးရဲ့ဝိဉာဉ်က ရှဲချီ ရဲ့ဝိဉာဉ်ကို လျော်ကြေးအနေနဲ့ ကြောက်မက်ဖွယ် နည်းလမ်းတွေနဲ့ အလျော်ပြန်တောင်းလာပါတော့တယ် ဘာမှအမှုမထားဘဲ ဘုရားမဲ့ဝါဒတရားနဲ့ တရားမျှတမှုအတွက်ပဲအာရုံစိုက်တဲ့ရှဲချီဟာ ဒီဖြစ်ရပ်ကို ဘယ်လိုဖြေရှင်းသွားမှာလဲ ~ နောက်ကွယ်မှာရော ဘယ်လိုကြီးမားတဲ့အကြံအစည်တွေပုန်းအောင်းနေမှာလဲ ~ ဒီရုပ်ရှင်ကားထဲမှာ ပြောင်မြောက်လှတဲ့ သွေးသံတရဲရဲ ဇာတ်ကွက်တွေနဲ့ ကြောက်မက်ဖွယ်အရာတွေပါဝင်တာကြောင့် ဒီလိုရင်ထိတ်ရတဲ့ကားတွေကြိုက်နှစ်သက်သူတွေအဖိုတော့ ကွက်တိအကြိုက်တွေ့စေမှာပါနော်