Movie95
Troll 2022
Troll 2022

Troll 2022

2022 103 မိနစ် 5.8

နော်ဝေးပြည်ရဲ့ ဒဏ္ဍာရီတွေထဲမှာ ထရိုးလိုခေါ်တဲ့ ကျောက်ဘီလူးတွေရှိတယ်။ အရွယ်ရောက်ပြီးသား ကျောက်ဘီလူးတွေဟာ ခန္ဓာကိုယ်က တောင်လောက်ကြီးမားတယ်၊ ခရစ်ယာန်တွေရဲ့ သွေးကို အနံ့ခံနိုင်တယ်၊ အမှောင်ထဲကနေလာပြီး အလင်းရောင်အောက်မှာ သေကြတယ်၊ နေရောင်ခြည်နဲ့ထိရင် ကျောက်ဖြစ်သွားတတ်တယ်တဲ့။ နိုရာရဲ့ အဖေဖြစ်သူ တိုဘီယပ်စ်ဟာ ရိုးရာပုံပြင်ပညာရှင်ဖြစ်ပြီး ကျောက်ဘီလူးတွေရဲ့ ဒဏ္ဍာရီကို အရူးအမူးစိတ်ဝင်စားကာ ကျောက်ဘီလူးတွေကိုလည်း တကယ်ရှိတယ်လို ယုံကြည်တဲ့သူဖြစ်ပါတယ်။ အဲ့ဒီ ယုံကြည်မှုက အစွန်းရောက်လွန်းသွားတဲ့အတွက် သူဟာ လောကကြီးထဲကနေ ကွယ်ပျောက်နေရတဲ့သူဖြစ်ပါတယ်။ နိုရာကတော့ ရုပ်ကြွင်းဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်ဗျ။ တစ်နေ့မှာတော့ ဆောက်လုပ်ရေးအဖွဲတစ်ဖွဲဟာ ရထားလမ်းဖောက်ဖိုအတွက် တောင်တစ်တောင်ကို ဖြိုရင်း ငလျင်တစ်ခုလှုပ်ခတ်ကာ မြေပြင်မှာ ထူးဆန်းတဲ့ ခြေရာပုံစံ ဧရာမချိုင့်ခွက်တွေ ပေါ်လာခဲ့ပါတယ်။

အမျိုးအစား: ActionAdventureFantasyThrillerDrama

ဆက်စပ်