Movie95
Raththam (2023)
Raththam (2023)

Raththam (2023)

2023 143 မိနစ် 8.6

သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်‌ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ ဇာတ်လမ်းအစမှာ သူတိုမင်းသားအကြောင်း မကောင်းရေးလို လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်း‌ထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။ သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။ အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

အမျိုးအစား: ActionCrimeDrama

ဆက်စပ်