Movie95
The Lucky One (2012) မြန်မာစာတန်းထိုး
The Lucky One (2012) မြန်မာစာတန်းထိုး

The Lucky One (2012) မြန်မာစာတန်းထိုး

2012 101 မိနစ်

ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် နာမည်ကြီး Romance ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ The Lucky One ရုပ်ရှင်ဟာ နာမည်ကျော်အချစ်ဝတ္ထုရေးဆရာကြီး Nicholas Sparks ရဲ့ The Lucky One ဆိုတဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အထူးသဖြင့် လူငယ်မိန်းကလေးများကြားမှာ အတော်လေးရေပန်းစားပြီး တော်တော်များများလဲသိကြတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လိုဂန်ဟာ အီရတ်မှာ စစ်မှုထမ်းနေတုန်း မိန်းမချောတစ်ယောက်ရဲ့ဓာတ်ပုံကို ရှာတွေ့ခဲ့ပါတယ်။ စစ်ထဲမှာ သူ့ရဲ့သူငယ်ချင်းတွေ သေဆုံးသွားခဲ့လို စိတ်ထိခိုက်နေခဲ့ပြီး စိတ်ကူးတည့်ရာလျှောက်လုပ်ရင်း ဒီဓာတ်ပုံထဲက မိန်းကလေးကို လိုက်ရှာဖိုကြိုးစားပါတော့တယ်။ ဓာတ်ပုံထဲက ကောင်မလေးကို သူတစ်ခါမှလဲမမြင်ဖူးသလို နာမည်တောင်မသိပါဘူး။ သူ့မှာ ဒီမိန်းကလေးနဲ့ပတ်သက်တာဆိုလို ဒီဓာတ်ပုံတစ်ပုံထဲရှိတာပါ။ ဓာတ်ပုံတစ်ပုံကနေ လိုဂန်တစ်ယောက် ကောင်မလေးကိုဘယ်လိုရှာမလဲ၊ ရှာတွေ့ရင်ရော ကောင်မလေးရဲ့အခြေအနေက ဘယ်လိုမျိုးလဲ၊ ဘာအခက်အခဲတွေကြုံတွေ့ရနိုင်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စီးမျောရင်း ခံစားလိုက်ကြပါ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Zac Efron က လိုဂန်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသမီးကလဲ အလှအပလေးဖြစ်တာကြောင့်အမျိုးသမီးထုကြီးရော အမျိုးသားထုကြီးပါ လက်မလွှတ်တမ်း ဘူးသင့် အဲလေ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။

အမျိုးအစား: Romance

ဆက်စပ်