Love 911 (2012)
ဂျောင်ကန်အီဟာ စိတ်မကောင်းစရာ အတိတ်ကို မမေ့နိုင်သေးပဲ စိတ်ထင်ရာလုပ်တတ်တဲ့ မီးသတ်ကယ်ဆယ်ရေးဝန်ထမ်း တစ်ယောက်ပါ။ အန္တရာယ်နဲ့ ကြုံလာရင်တောင် မကြောက်မရွံရင်ဆိုင်ဖြေရှင်းတတ်သူ၊ သူတစ်ပါး အပေါ်စာနာ တတ်တဲ့သူ။ ဂိုမီဆူကတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ လက်မြန်ခြေမြန်လုပ် တတ်လေ့ရှိတဲ့ နှလုံးနဲ့ ရင်ခေါင်းခွဲစိတ်ဌာနက ဆရာဝန်မလေးပါ။ တစ်ရက်မှာ သူမရဲ့ လူနာအပေါ် ရောဂါနာမည် တပ်မှားယွင်းမှုကြောင့် လူနာဟာ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ မီးသတ်သမားလေးနဲ့ ဆရာဝန်မလေးတို ဆုံဖိုဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ပြဿနာတွေ ပြေလည်နိုင်ဖို မီးသတ်သမား ဂျောင်ကန်အီကို ဆွဲဆောင် ဖြားယောင်းဖို ချဥ်းကပ်ရာက ဖြစ်ပေါ်လာတဲ့ အလွဲတွေ အဆင်မပြေမှုတွေက ရယ်စရာလေး တွေနဲ့ ချစ်စရာ ကောင်းလှပါတယ်။ သူမရဲ့ အကြံအစည်တွေအောင်မြင်ပါ့မလား။ သူကရော သူမကို တကယ်ပြန်ချစ်မလားဆိုတာကို အချစ်၊ ဟာသ၊ အလွမ်းတွေနဲ့ ကြည့်ချင်စရာကောင်းအောင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် သိလာရမှာပါ။