The Last Gunfight 2025
2025 ခုနှစ်မှာအသစ်ထွက်ရှိထားတဲ့ The last Gunfight ဇာတ်ကားဟာဆိုရင် စာရေးဆရာ Steven Paul နဲ့ J.D Zeik တိုရေးသားထားပြီး ဒါရိုက်တာ James Bamford ရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Daniel Bernhardt ၊ Lewis Jamison၊ Max Kraus တိုပါ၀င်သရုပ်ဆောင်ထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ မြေအောက်ပြိုင်ပွဲတစ်ခုမှာ ထိပ်တန်းလူသတ်သမားတွေအချင်းချင်း သတ်ဖြတ်ရတဲ့ လူသားချင်းသတ်ဖြတ်တဲ့ပွဲတစ်ခုကို အစီအစဉ်တင်ဆက်သူ အန်တွန်စခိုးလ်က လစဉ်ကျင်းပနေပါတယ်။ ရေနံသူဌေးအဘိုးဖြစ်သူ နသာနီယယ်လ်ရဲ့ မြေး ဝီလ်က ဒီပြိုင်ပွဲမှာယှဉ်ပြိုင်ပြီး အကောင်းဆုံးဆိုတဲ့အနိုင်ရသူဖြစ်လိုစိတ် ပြင်းပြနေခဲ့တယ်။နောက်ဆုံးမှာ မြေးရဲ့ဆန္ဒအရ၀င်ပြိုင်စေခဲ့ပေမယ့် ယုတ်ညံ့တဲ့အန်တွန်စခိုးလ်ရဲ့ ကောက်ကျစ်မှုကြောင့် အသတ်ခံခဲ့ရတယ်။ ဒီလိုကနေ မြေးအဘိုးအဘွားတစ်သိုက်က ဝီလ်အတွက် ကလဲ့စားချေဖိုအစီအစဉ်ကို စခဲ့ကြတော့တယ်။ ကလဲ့စားချေဖိုအတွက် အစီအစဉ်ဆွဲပြီး မြေးအဘိုးတစ်သိုက် ပြိုင်ပွဲကို၀င်ပြိုင်ခဲ့ကြတယ်။ သူတိုအစီအစဥ်အတိုင်း ဒေါ်လာသန်းတစ်ရာ ရယူနိုင်မလား အရမ်းလည်ပြီး ကောက်ကျစ်တဲ့ စခိုးလ်က သူတိုရဲ့အစီအစဉ်ကို ရိပ်မိသွားမလား သူတိုရဲ့ အ