Flash Over(2023)
2023
•
114 မိနစ်
•
5.6
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။ တကယ်လို ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြိုလုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲမှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။ အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတိုအသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲက လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။
အမျိုးအစား: ActionDramaThriller