thaghut2024
အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြိုပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါအံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူတဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖိုကမ်းလှမ်းလာချိန်မှာအလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ပြန်ဖိုအသင့်ဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာမမျှော်လင့်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့ သူတိုသုံးယောက်လုံးရွာက မပြန်ဖြစ်ပဲ ဆက်နေကြရချိန်မှာတော့ ရွာကြီးရဲ့ထူးဆန်းမှုတွေ၊လျှိဝှက်မှုတွေ ပဟေဠိတွေဟာ တစ်စတစ်စ ခြောက်ခြားစရာရုပ်လုံးပေါ်လာပါတော့တယ်။"