Janatha Garage (2016)
ဘာကြောင့် ဒီနာမည်ပေးထားလဲ ဆိုတာဆက်ရှင်းပြပါ့မယ်။ ရွာလေးတစ်ရွာမှာ ဆတ္တယမ်းနဲ့ ဆီဗာဆိုတဲ့ ညီအကို နှစ်ယောက်ရှိတယ်၊ဆတ္တယမ်းက ရွာမှာ ကားဝပ်ရှော့အသေးစားလေးတစ်ခုဖွင့်ပြီး အကိုကြီးအဖရာဆိုသလို ဆီဗာငယ်ငယ်လေး ကတည်းက ပြုစုစောက်ရှောက်လာခဲ့တာ။ ဆီဗာမြိုကိုတက်ပြီး ကောလိပ်တက်တော့သူ့အကိုကြီးအတွက် မြိုပေါ်မှာ ကားဝပ်ရှော့ဖွင့်ပေးပြီး မိသားစုလိုက် မြိုပေါ်ကိုပြောင်းရွှေ့ခဲ့ကြတယ်။ အလုပ်ကြိုးစားတဲ့ သူတိုညီအကိုအတွက်ကားဝပ်ရှော့လုပ်ငန်းက အောင်မြင်တယ်၊နာမည်ရလာတယ် အလုပ်သမားတွေလည်း တနေ့တခြား တိုးပွားလာခဲ့တယ်ပေါ့။ဆီဗာကလည်း မွန်ဘိုင်းက မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ဒီလိုပဲ အလုပ်ရှင် အလုပ်သမားညီအကိုမောင်နှမတစ်စု ပျော်ပျော်ရွှင်ရွှင်ကြိုးကြိုးစားစားနဲ့ နေလာရင်းတစ်နေ့တော့ ဆတ္တယမ်းရဲ့ ဝပ်ရှော့ကို လာနေကျ သူ့ဖောက်သည်တစ်ယောက်ရဲ့ သမီးလေး ကျောင်းကအပြန် အက်ဆီးဒင့် ဖြစ်ပြီး ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းကိုသူတို ကြားလိုက်ရတယ်။ သေချာစုံစမ်းကြည့်တော့မှအဲ့ဒီမိန်းကလေးဟာ နယ်မြေခံ လူမိုက်တွေရဲ့ မုဒိန်းကျင့် သတ်ဖြတ်ခံလိုက်ရမှန်း သိရတယ်။ ဆီဗာဟာ သူ့သူငယ်ချင်း DSP ခ်န္ဒရာရွီကာကို အကူအညီတောင်းပေမယ့်သက်သေအထောက်မရှိတာကြောင့်ရှီကာလည်း ဘာမှမတတ်နိုင်၊ သူ့မိတ်ဆွေအတွက် တရားမျှတမှုရဖိုဆတ္တယမ်း,ဆီဗာနဲ့အလုပ်သမားတွေ တိုင်ပင်ပြီး နယ်မြေခံလူမိုက်တွေကိုသတ်ပစ်လိုက်ကြတယ်။ ဒီကိစ္စကို ရှီကာရိပ်မိတော့ ဆတ္တယမ်းတိုကို တားတယ်၊နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုဆ တွက်ဆပြီး သတိပေးတဲ့သဘောပေါ့။ ဘယ္လိုပဲ တားပါစေဆတ္တယမ်းတို ဆီဗာတိုကတော့ နောက်မဆုတ်ခဲ့ကြဘူး။ ဒီအချိန်မှာ ဆတ္တယမ်းရော ဆီဗာ့မွာပါ သားတစ်ယောက်စီ ရပြီးကြပြီ။ တစ်နေ့တော့ ဇာတိမြေက ဘုရားကျောင်းကို သွားပူဇော်တဲ့ လမ်းမှာ ဆီဗာရယ် သူ့ဇနီးရယ် အသတ်ခံလိုက်ရတယ်၊ သူတိုနဲ့ အတူပါသြားတဲ့ ကေလးကေတာ့ ဆီဗာတို ကာကွယ်မှုကြောင့် မေသခဲ့ဘူး၊ ရွီကာအတန္တန္တားတဲ့ ကြားကသူ့ညီသေခဲ့ရလို ဆတ္တယမ်းလည်း ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့ အနေနဲ့ဆီဗာ့ကေလးကို ဆီဗာ့ယောက္ခမကို ပေးလိုက်တော့တယ်။ "သူ့မိသားစု အကြောင်းသူ့အဖေရဲ့ ဆွေမျိုးတွေ အကြောင်း ဒီကေလးကို ပေးမသိပါနဲ့" လိုလည်း မှာလိုက်သေးတယ်။ ဒါက ဒီဇာတ်လမ်းရဲ့အစောပိုင်း 15 မိနစ်စာလောက်ကိုပဲ ပြောပြလိုက်တာပါ. . . ဒီကားမွာ မင်းသားကြီး Mohanlalမင်းသားချော Jr.NTR တို အပြင်ဒီနှစ်ပိုင်း ထြက္ဖူးတဲ့Masterpiece 2017 ထဲက မင်းသား Unni Mukundan ပါ ပါဝင် အားဖြည့်ထားပါတယ်၊ ဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့နဲ့Plot ချိတ်ဆက်မှုတွေကြောင့် ထိုင်ရာ မထ ဆွဲခေါ် သွားနိုင်တဲ့အပြင်ဆုတွေ တသီကြီးရထားတဲ့ ဇာတ်ကားဆိုတော့ဘာမွကို ပြောစရာမလိုလောက်အောင်ပါပဲ ဒိုင်ယာလော့တွေဆိုလည်းတကယ့်ကို မှတ်သားလောက်ပါတယ်။