Postman (2023)
ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပိုသမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပိုရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပိုသမားဖြစ်လာတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပိုရဖိုဖြစ်လာပါတော့တယ်။ ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖိုဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို လှေလက်မှတ်ဝယ်ဖိုငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်ကြီး စာပိုသမား ဒို ဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ ...