Movie95
Guardians Of The Galaxy (2014)
Guardians Of The Galaxy (2014)

Guardians Of The Galaxy (2014)

2014 120 မိနစ် 8

အလွန်အမင်းဝမ်းနည်းဒေါသဖြစ်နေတဲ့ ကောင်လေးတစ်ယောက် ကင်ဆာရောဂါနဲ့ဆုံးပါးသွားတဲ့ အမေ့ရဲ့အနားကနေ ပြေးထွက်သွားတဲ့အချိန် ဘယ်ကမှန်းမသိတဲ့ ယာဉ်တစ်စီးရဲ့ခေါ်ဆောင်သွားမှုကိုခံခဲ့ရပြီး အဲ့ဒီကောင်လေးကပီတာကွေးလ်(စတားလော့ဒ်) ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ စတားလော့ဒ်တစ်ယောက် မိုရက်ဂျ်ဂြိုဟ်ပေါ်က ဘာမှန်းမသိတဲ့စက်လုံးတစ်ခုကို သူ့ရဲ့အဖွဲဖြစ်တဲ့ ရာဗက်ဂျာ ရဲ့ခေါင်းဆောင်ယွန်ဒုကို ကွက်ကျော်ရိုက်ပြီး သွားယူခဲ့တဲ့အချိန် ထိုစက်လုံးကိုလိုချင်နေတဲ့ ရိုနန် လိုခေါ်တဲ့ ခရီးလ် မျိုးနွယ်ဝင်တစ်ယောက်ကလည်း သူ့ရဲ့လူတွေကိုပါစေလွှတ်ခဲ့ပါတယ်။ သူတိုတွေ မိုရက်ဂျ်ဂြိုဟ်ပေါ်မှာတွေ့ဆုံခဲ့ပြီး စတားလော့ဒတစ်ယောက် ထိုစက်လုံးနဲ့အတူထွက်ပြေးလာနိုင်ခဲ့ပေမယ့် ထိုစက်လုံးကို စတားလော့ဒ်တစ်ယောက် ဇန်ဒါဂြိုဟ်ပေါ်က ဝယ်မယ့်သူဆီသွားရောင်းတဲ့အခါ ထိုစက်လုံးကို ရိုနန် ကလည်း လိုက်နေတာသိသွားတော့ မဝယ်တော့ဘဲ စတားလော့ဒ်ကိုနှင်ထုတ်ခဲ့တယ်။ နှင်ထုတ်ခံလိုက်ရတဲ့ စတားလော့ဒ် တစ်ယောက်ဟာ ရိုနန် လွှတ်လိုက်တဲ့ ဂမိုရာနဲ့တွေ့ဆုံခဲ့ပြီး စက်လုံးအလုခံလိုက်ရတယ်..

အမျိုးအစား: ActionAdventureFantasy

ဆက်စပ်