War For The Planet Of The Apes (2017)
Dawn of the Planet of the Apes အပြီး နှစ်အနည်းငယ်အကြာမှာ ဇာတ်လမ်းက စတင်ပါတယ်။ လူသားတွေနဲ့ မျောက်ဝံတွေကြားက စစ်ပွဲက အပြင်းထန်ဆုံးအခြေအနေကို ရောက်နေပြီး၊ ဆီဇာဟာ သူ့ရဲ့မျောက်ဝံတွေကို တောနက်ထဲမှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဗိုလ်မှူးကြီး (The Colonel) ဦးဆောင်တဲ့ လူသားတပ်ဖွဲတစ်ခုက သူတိုရဲ့စခန်းကို အလစ်ဝင်တိုက်ပြီး၊ ဆီဇာ့ဘဝရဲ့ အရေးအကြီးဆုံးအရာကို ဆုံးရှုးသွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကပဲ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ဆီဇာ့ကို အမှောင်ဘက်ဆီ တွန်းပိုလိုက်ပြီး၊ သူဟာ မျိုးနွယ်ကို ပစ်ထားကာ သူ့ရဲ့ကိုယ်ပိုင် ကလဲ့စားချေခြင်းခရီးကို စတင်ပါတော့တယ်။ သူ့ရဲ့ခရီးလမ်းဟာ ဗိုလ်မှူးကြီးရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ အေးခဲနေတဲ့ တောင်တန်းတွေပေါ်က စစ်စခန်းတစ်ခုဆီကို ဦးတည်နေပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကအသက်ကတော့ ဆီဇာရဲ့ အတွင်းစိတ်ပဋိပက္ခပါပဲ။ သူဟာ သူ့အရင်က အမုန်းတရားကြောင့် ပျက်စီးသွားခဲ့တဲ့ ကိုဘာ (Koba) လို ဖြစ်သွားမလား..