Movie95
The Superdeep (2020)
The Superdeep (2020)

The Superdeep (2020)

2020 115 မိနစ် 4.9

လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ကမ္ဘာပေါ်တင်မက ပြည်တွင်းမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ Hoax တစ်ခုကိုမှတ်မိကြဦးမှာပါ။ အဲ့ဒါကတော့ ရုရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာပေါ်ကအနက်ရှိင်းဆုံး လူသား တွေတူးဖော်ထားတဲ့ တွင်းနက်ကြီးတစ်ခုကနေ အော်ဟစ်ငိုညည်းသံ တွေကျယ်လောင်စွာကြားခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်ပါ အဲ့ဒီအသံတွေကိုသိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ပြင်းထန်လှတဲ့ အပူချိန်ကြောင့် ဆက်ပြီးမတူးဖော်နိုင်ပဲ သုသေသနတွေရပ်တန့်လိုက် ရကြောင်းနဲ့ အဲ့ဒီအသံတွေဟာငရဲကျခံနေရသူရဲ့အော်ဟစ်သံတွေဖြစ် နိုင်ကြောင်းတွေနဲ့နိဂုံးချုပ်ထားပါတယ်။ဖြစ်ရပ်မှန်တစ်ဝက်စိတ်ကူး ယဉ်တစ်ဝက်နဲ့ယုတ္တိဆန်ဆန်အရေးအသားတွေကြောင့်ဖြန့်ဝေသူတွေ များပြားခဲ့သလိုပြည်တွင်းတစ်ချိုဂျာနယ်တွေမှာပါပုံနှိပ်ဖော်ပြခဲ့တဲ့အ ထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီတွင်းနက်ကြီးဟာ အပြင်မှာ တကယ်ရှိပြီး Kola Superdeep Borehole လိုခေါ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီတွင်းနက်ကြီးကိုအခြေခံတဲ့ ရုရှား sci-fi horror ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အန်နာလို ခေါ်တဲ့ ရုရှားရောဂါဗေဒကျွမ်းကျင်သူအမျိုးသမီးတစ်ယောက်ဆီကို နှစ်သစ် ကူးညမှာ သူ့အထက်အရာရှိဆီကဖုန်းခေါ်ဆိုမှုဝင်လာခဲ့ပါတယ်။ အဲ့ဒါက တော့ အထက်ပါတွင်းနက်ကြီးမှာရှိတဲ့ သုသေသနစခန်းတစ်ခုမှာ လူအ ယောက် ၂၀ ပျောက်သွားခဲ့တဲ့နောက် အမျိုးအမည်မသိတဲ့အသံတွေဖမ်း ယူရရှိခဲ့ကြောင်းနဲ့၊ မကြာခင်မှာ အဲ့ဒီစခန်းကိုပိတ်သိမ်းတော့မှာဖြစ်တဲ့ အတွက် အဲ့ဒီမှာရှိတဲ့ဓာတ်ခွဲခန်းကနေ နမူနာတွေသွားရောက်ယူဆောင်မယ့် မစ်ရှင်ကို အန်နာကိုဦးဆောင်စေချင်တဲ့အကြောင်းဖြစ်ပါတယ်။အန်နာတစ်ယောက် သူ့အထက်အရာရှိနဲ့အတူ လက်ရွေးစင်တပ်ဖွဲတစ်ခုကို ခေါ်ဆောင်ပြီး နက်ရှိင်းလွန်းတဲ့ ကမ္ဘာ့မြေမျက်နှာပြင်အောက်ကလျှိဝှက်သု တေသနစခန်းကို စွန့်စားသွားရောက်ခဲ့ချိန်မှာတော့ ကြိုတင်မှန်းဆမထားနိုင် အောင် ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ ကြုံရတာတွေကိုရှုမြင်ခံစားကြရမှာပါ။

အမျိုးအစား: HorrorMysteryThriller

ဆက်စပ်