Movie95
The Adventures of Maid Marian (2022)
The Adventures of Maid Marian (2022)

The Adventures of Maid Marian (2022)

2022 82 မိနစ် 3.5

ရော်ဘင်ဟုဒ်ဆိုတာနဲ့ အကျင့်ပျက်နေတဲ့လူချမ်းသာတွေဆီကနေ ငွေတွေခိုးယူပြီးမရှိဆင်းရဲသားတွေကို ပြန်လည်ဝေမျှတတ်တဲ့သူဆိုတာ သိပြီးသားဖြစ်ကြမှာပါ... ဒါကြောင့်လည်းရောဘင်ဟုဒ်ကို လူချမ်းသာတွေက သခင်အတန်းစားတွေကို အလွန်မုန်းကြပါတယ်... ဒီကားလေးကတော့ ရော်ဘင်ဟုဒ်ထက် သူ့ရဲ့ချစ်သူ မာရီယမ်ကို အဓိကထားရိုက်ထားတဲ့ စွန့်စားခန်းကားလေးဖြစ်ပါတယ်... ရော်ဘင်ဟုဒ်တစ်ယောက် ဘုရင်ရစ်ချက်ခေါ်ဆောင်ရာ စစ်ဖြစ်ရာနောက်ပါသွားတဲ့ အချိန်မှာ မာရီယမ်ကတော့ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ရင်း ချစ်သူပြန်အလာကို စောင့်နေခဲ့ပါတယ်... ဘုရင်ရစ်ချက်လုပ်ကြံခံရပြီးနောက် စစ်ပွဲပြီးဆုံးသွားချိန်မှာတော့ ရော်ဘင်ဟုဒ်တစ်ယောက်လည်း မာရီယမ်ဆီ ပြန်လာခဲ့တာပေါ့... သုံးနှစ်လောက်ခွဲခွာ နေခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ကြည်နူးစရာဖြစ်မနေခဲ့ပါဘူး... ရော်ဘင်ဟုဒ်ကို လက်စားချေချင်နေတဲ့လူတစ်ယောက်ရဲ့ လှည့်ကွက်ကြောင့် သူတိုနှစ်ဦး ဘယ်လိုတွေဒုက္ခရောက်ပြီး ဘယ်လိုစွန့်စားမှုတွေလုပ်ကြမလဲဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်...

အမျိုးအစား: ActionAdventureHistoryDrama

ဆက်စပ်