Movie95
Strange Tales of Chang'an ( 2023 )
Strange Tales of Chang'an ( 2023 )

Strange Tales of Chang'an ( 2023 )

2023 85 မိနစ် 7.4

CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်က ရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။ တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီး ခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့ အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေ ရှိနေမလဲ...... အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက် သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။

အမျိုးအစား: MysteryHorror

ဆက်စပ်