Sarbjit [2016]
အလွန်ကောင်းသော ဇာတ်ကားတစ်ကားပါ။ အိန္ဒိယနှင့်ပါကစ္စတန်နယ်စပ်ရွာတစ်ရွာမှာနေထိုင်တဲ့ ဆာရာဂျစ်ဟာ အရက်မူးပြီးနောက် နှစ်နိူင်ငံနယ်စပ်မျဉ်းကို ဖြတ်ကျော်မိပြီး ပါကစ္စတန်စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ် ။ ဒီဇာတ်လမ်းမှာ ဘာသာရေး လူမျိုးရေး များကြောင့် ပါကစ္စတန်နှင့် အိန္ဒိယနိူင်ငံတို၏နိူင်ငံရေးတင်းမာမှုများ ညစ်ပတ်စုတ်ပြတ်နေတဲ့ပါကစ္စတန် အကျဉ်းထောင်တွင်းမှ ငရဲခန်းများကိုမြင်တွေ့ကြရမှာပါ။ အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသောဆာရာဂျစ်၏ ကံကြမ္မာ မိသားစု၏ပူဆွေးသောက အစ်ကိုဖြစ်သူအတွက် နိူင်ငံတော်အဆင့်ထိ အစာငတ်ခံဆန္ဒပြရင်း အကူအညီတောင်းခံခဲ့သော ညီမဖြစ်သူ၏ ချစ်ခြင်းတရားများကိုလည်း ပီပြင်စွာသရုပ်ဆောင်နိူင်ခြင်းတိုကြောင့် (2016)အတွက်အကောင်းဆုံး ဇာတ်ကားစာရင်းဝင်ခဲ့ပါတယ် ။ 1994 မယ်ကမ္ဘာဆုရ DEVDAS မင်းသမီး Aishwarya Rai (အက်ရ်ှဝါရာရိုင်) ၏အကောင်းဆုံးသရုပ်ဆောင်ချက်များ နှင့်အတူ နှစ်နိူင်ငံ နယ်စပ်မျဉ်းကိုဖြတ်ကျော်မိရင်း အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံခဲ့ရတဲ့ ဆာရာဂျစ်ဆိုသူ အိန္ဒိယအမျိုးသားတစ်ဦးရဲ့ တကယ့်ဖြစ်ရပ်မှန်အကြောင်းဖြစ်၍...