Movie95
Raaghu (2023)
Raaghu (2023)

Raaghu (2023)

2023 89 မိနစ် 3.6

ကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာ တော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီး အိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပိုဆောင်ရေးသမားဖြစ်တဲ့ ရာဂူကတော့အဲဒီအချိန်မှာ ဆေးဝါး‌‌တွေပိုရင်းအလုပ်များနေရတယ်။ လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ ပိုဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေက ဒါကိုအခွင့်ကောင်းယူပါတော့တယ်။ တစ်နေ့မှာ‌ ပါဆယ်တစ်ခုပိုပေးဖို ရာဂူတစ်ယောက် ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့် မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။

အမျိုးအစား: CrimeThriller

ဆက်စပ်