Poor Things (2023)
အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပိုဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ Jerrod Carmichael တိုပါပဲ။ အစ်ကိုတစ်ယောက် ပြောသလို ဒီကားကို ကြည့်သ့င်တဲ့အကြောင်းက “Emma Stone အင်ဂျင်ဝိုင်တိုင်း၊ မြင်းစီး၊ ဒေါ့ဂီဆွဲ၊ ခြေတပေါင်ကျော်၊ မောင်ရင်ဆွမ်းထမ်း၊ မော်တော်ဆပ်၊ လှေကြီးထိုး ရိုးရိုး ဝနေအောင်ကြည့်ရ။ ” လိုပါလိုတော့ မညွှန်းချင်ပါဘူး။ Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရုပ်တည်ကြီးနဲ့ ရယ်ရခက် ငိုရခက်တဲ့ဟာသတွေကြောင့်၊ ဂိတွေပြောသလို လောကကြီးကို နက်နဲတဲ့ သရုပ်ဖော်ပုံ တင်စားပုံတွေနဲ့ ဘာညာကြောင့် ဘလာဘလာ၊ ပြောင်မြောက်တဲ့ ဇာတ်လမ်း၊ ရိုက်ချက် နဲ့ သရုပ်ဆောင်တွေကြောင့်လိုပဲ ကြားကောင်းအောင် ညွှန်းချင်ပါတယ်။ ကြည့်မှာသာ ကြည့်လိုက်ပါ အရှုးမရှိပါဘူး။