Pallotty 9.0’s Kids (2024)
၉၀ ဖွားကလေးတိုရဲ့သကြားလုံးချိုချိုလေး ဒီတစ်ခါတင်ဆက်ပေးမှာကတော့ လူကြီးမင်းတိုရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကို လွမ်းဆွေးတမ်းတသွားစေမယ့် မာလေယလမ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဒီဇာတ်ကားမှာတော့ ကန်နန်ဆိုတဲ့ကလေးငယ်နဲ့ အူနီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တွဲအကြောင်းကို ဇာတ်ကြောင်းတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ တောရွာကလေးမှာ ကလေးပီပီအဆော့သန်တဲ့ ကန်န်နဲ့အူနီဟာ ကျောင်းကို ခြေလျင်သွားရသူတွေဖြစ်ပါတယ်။ လမ်းတစ်လျှောက် စက်ဘီးနဲ့သွားတဲ့သူ ၊ ဆိုင်ကယ်နဲ့လိုက်ပိုတဲ့သူ ၊ သုံးဘီးစီးပြီးကျောင်းသွားသူတွေရှိတာတောင် ခြေလျင်ကျောင်းတက်ရတဲ့ သူတိုအပျော်ကိုမှီသူရှိမယ်မထင်ပါဘူး။ အသီးတွေခူးမယ် ၊ အရွက်တွေခြွေမယ် ၊ အုန်းလက်ကို ဒန်းလိုခိုစီးကြမယ် ၊ တုတ်တစ်ချောင်းကိုပုခုံးပေါ်ထမ်းလိုလမ်းလျှောက်ကာ လမ်းမှာတွေ့သမျှကို ကောက်ယူစူးစမ်းမယ်။ ဒီလိုမျိုး ၉၀ ခုနှစ်ဖွားကလေးတိုရဲ့ဘဝကိုကြည့်ပြီး ငယ်ဘဝကိုပြန်လည်တမ်းတလွမ်းဆွတ်မိစေမယ့်ဇာတ်ကားလေးကို ၉၀ ဖွားလူကြီးမင်းတို သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ ၉၀ ဖွားမဟုတ်ရင်ရော မကြည့်ရတော့ဘူးလားဆိုတော့…. ပိုပြီးတောင် ကြည့်ရမှာပေါ့ဗျာ။ ကိုယ်မမီလိုက်ရတဲ့ခေတ်ကလူတွေ ဘယ်လောက်ဆော့ပြီး ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲဆိုတာကို ဒီရုပ်ရှင်ကတဆင့် စီးမျောခံစားကြည့်လိုက်ပါဗျ။