Last Sentinel (2023)
ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတိုရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတိုဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။