Movie95
Kingsman The Secret Service (2014)
Kingsman The Secret Service (2014)

Kingsman The Secret Service (2014)

2014 129 မိနစ် 7.7

“Manners maketh man.” Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖိုဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား.. အဝတ်အစားကစလို အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျား.. ဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့ လျှိဝှက်အေးဂျင့်အဖွဲအစည်းပါ။ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ Kingsman:The Secret Service (2014) ရုပ်ရှင်မှာတော့မင်းသားကြီး Colin Firth,Samuel L.Jackson , Mark Strong , Michael Caine တိုလို ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ပြီးလူငယ်သရုပ်ဆောင် Taron Egerton က အဓိကသရုပ်ဆောင် Kingsman Agent အဖြစ်ပါဝင်ထားပါတယ်..

အမျိုးအစား: ActionAdventure

ဆက်စပ်