King of Killers (2023)
ဂယ်ရန်လိုခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီးသူ့ကိုသတ်ဖို တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖိုသွားနေတုန်း သူ့မိန်းမက အဲ့ဒီကိုလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီးကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖိုဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန်ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။ အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး သူတိုရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖိုပါပဲ။"