Movie95
Jathara (2024)
Jathara (2024)

Jathara (2024)

2024 120 မိနစ် 6.5

ကျေးလက်နေ တောသူတောင်သားတိုရဲ့ ကိုးကွယ်မှုယုံကြည်မှုတွေနဲ့ ထူးခြားဆန်းကျယ်မှုတိုကို ပုံဖော်ထားတဲ့ တလေဂူးကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ပွဲမှာ ဆုံးပါးသွားခဲ့တဲ့ ခေါင်းဆောင်ကြောင့် ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရားမကို လက်အောက်ငယ်သားတွေ မေ့မေ့လျော့လျော့နဲ့ ထားခဲ့ကြရာကစ နတ်ဘုရားမ အမျက်တော်ရှပြီး ထွက်သွားချိန် ကျေးရွာတွေမှာ အငတ်ဘေးကြီး ကြုံရပါတော့တယ်။ တစ်ရွာပြီးတစ်ရွာ အငတ်ဘေးကြောင့် သေကြေပျက်ဆီးနေကြချိန် တစ်နေ့မှာတော့ ယန်ကတ်တရာမူဒူကို နတ်ဘုရားမက အိပ်မက်ပေးပါတယ်။ ဒါနဲ့ ယန်ကတ်တရာမူဒူက ဗိမာန်တော်ဆောက်ပြီး နတ်ဘုရားမကို ကိုးကွယ်အမှုပြုတဲ့အချိန်မှာတော့ ရွာကလေးက ပြန်သာယာလာပေမဲ့ သူ့မျိုးဆက်တစ်ယောက် ဗိမာန်တော်မှာ အောက်လမ်းအတတ်တွေ လုပ်နေတယ်ဆိုပြီး နတ်ဘုရားမ အမျက်တော်ရှလို ပြန်ထွက်သွားချိန် ရွာလည်းအငတ်ဘေးပြန်ဆိုက်ပါတော့တယ်။ ဒီမှာပဲ အောက်လမ်းအတတ်လုပ်ပါတယ်လို စွပ်စွဲခံရသူလည်း သေဆုံး ကျန်ခဲ့တဲ့သားငယ်လေးနဲ့ အဘွားအိုကြီးလည်းရွာပြင်ကိုနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ကျန်ခဲ့တဲ့ သားငယ်လေး ကြီးပြင်းလာချိန်မှာတော့ အမှန်တရားတွေ ထူးခြားဆန်းကြယ်မှုတွေကို ကြုံတွေ့လာရတဲ့အခါ….။

အမျိုးအစား: ActionThriller

ဆက်စပ်