Movie95
Godzilla Minus One (2023)
Godzilla Minus One (2023)

Godzilla Minus One (2023)

2023 118 မိနစ် 7.7

မျှော်​နေကြတဲ့ဇာတ်ကား​လေးကို Digital Release မထွက်ခင်မှာ အတော်ကြည့်လိုပြေတဲ့ Version ထွက်လာလိုတင်ပေးတာပါ Rating ပိုင်းမှာလည်း အ​တော်​​​ကောင်းတဲ့ရလဒ်​​တွေကို ရထားပြီး ရုံတင်​ငွေနဲ့အမြတ် ၄ဆ​လောက်ပြန်ရထားတဲ့ဇာတ်ကားပါ။ ​ရှေ့ကဇာတ်ကား​​တွေနဲ့ယှဥ်ပြီး CGIပိုင်းကို ကြည့်ချင်ရင် Digital Release ထွက်လာမှကြည့်ကြပါဗျ။ ဒုတိယကမ္ဘာစစ်ကို ​နောက်ခံထားပြီး ချိတ်ဆက်ထားတဲ့ဇာတ်လမ်း၊ဇာတ်ကွက်က ​ပြောစရာမရှိ​အောင် ​ကောင်းပါတယ်။ ဒီထဲက Godzilla ကတော့ ပါးစပ်ကနေ Heat Wave(အပူလှိင်း) နဲ့တိုက်ခိုက်တဲ့ အမျိုးအစားမျိုးပါ။တကယ်မိုက်ပါတယ် ဒီကားထဲမှာဂေါ်ဇီလာဘယ်လို​ရောက်လာလဲသိချင်ရင် Godzilla(1954)မှာ အတိုချုပ်သ​ဘောမျိုးပါ​နေပါတယ်ရေ​အောက်ဟိုက်ဒရိုဂျင်​ဗုံးဖောက်ခွဲမှုက​နေ တစ်နည်းတစ်ဖုံနဲ့​ရေ​အောက်သတ္တဝါ​ကြီးကို နိုးထလာ​စေပြီး အစွမ်း​တွေရသွားတာမျိုး ရိုက်ပြထားတာပါ။အဘိုး​တိုခေတ်မှာ ပထမဆုံးထွက်ခဲ့တဲ့Godzillaရုပ်ရှင်က အခုဆို နှစ်၇၀ရှိ​နေပါပြီ။ ဇာတ်​လမ်းအကျဥ်း​ပြောရရင် အ​သေခံ​လေသူရဲ Shikishima က လေယာဥ်မှာချိုယွင်းချက်ရှိ​နေလိုဆိုပြီး အိုဒါကျွန်းကိုဆင်းသက်ခဲ့တယ်။ တကယ်​တော့ သူက အ​သေမခံချင်တဲ့အတွက် အ​ကြောင်းပြချက်ရှာပြီး ထွက်​ပြေးလာတဲ့သ​ဘောပါပဲ။  ဒါက သူ့ဘဝရဲ့အရှက်ရစရာတစ်ခုဖြစ်လာတယ် ။ ကံဆိုးချင်​တော့ အိုဒါကျွန်းမှာ ​ဂေါ်ဇီလာနဲ့ထိပ်တိုက်ပြီး စက်ပြင်ဆရာ​ခေါင်း​ဆောင်နဲ့ Koichiတိုပဲ အသက်ရှင်ကျန်ခဲ့ကြတယ်။ ​​ ဒီလိုနဲ့နှစ်အနည်းငယ်အကြာမှာ ပင်လယ်ပြင်မိုင်းရှင်းလင်း​ရေးအလုပ်ကိုလုပ်ရင်း ​ဂေါ်ဇီလာနဲ့ ​နောက်တစ်ကြိမ်ပြန်​တွေ့လိုက်ရတယ်။ ဂျပန်အစိုးရကလည်း အဲဒီအချိန်က စစ်ရှုးကာလဆို​တော့ စစ်​ရေးလှုပ်ရှားမှု မလုပ်ရဘူးဆိုတဲ့ ကတိကဝတ်​တွေရှိ​နေခဲ့တယ်။ အ​မေရိကန်ကလည်း ဆိုဗီယက်နဲ့လုပ်ထားတဲ့ သ​ဘောတူညီချက်အရ ဂျပန်ကို စစ်အင်အားကူညီ​ပေးလို မရပါဘူး။ အဲဒီ​တော့ ​ဂေါ်ဇီလာကြီး မြိုထဲဝင်လာချိန်မှာ ဂျပန်အစိုးရရဲ့အကူအညီမပါဘဲ Shikishimaတို​တွေ ဘယ်လို​တွေရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာကြည့်ရှူလိုက်ကြပါဦး

အမျိုးအစား: Science FictionActionAdventure

ဆက်စပ်