Furie (2019)
ဇာတ်လမ်းအကျဉ်းကတော့ ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြိုလေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘ၀ကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ် သူဟာ ဘယ်ဘ၀ကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ၊ ဘာကြောင့်လူတွေနဲ့ ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်၊ ဒါကြောင့် ကျောင်းကထွက်ပြီးတော့ အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ သူ့သမီးကို သူခိုးအဖြစ် ၀ိုင်း၀န်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ရုန်းရင်းဆန်ခတ်အခြေအနေအပြီး သူက အပေါင်ဆိုင်ကိုပြန်အသွားမှာ သူ့သမီးလေးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံရပါတော့တယ် အဲ့ဒီပြန်ပေးသမားတစ်စု မသိလိုက်တာကတော့ သူတိုတွေ ပြန်ပေးဆွဲဖို လူရွေးတာ အမှားကြီးမှားသွားပြီဆိုတာပါပဲ