Movie95
Fantastic Beasts and Where to Find Them (2016)
Fantastic Beasts and Where to Find Them (2016)

Fantastic Beasts and Where to Find Them (2016)

2016 132 မိနစ် 7.3

ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် No-Maj (ဗြိတိန်အခေါ် မက်ဂယ်) မှော်ပညာမတတ်တဲ့ သာမာန်လူသားတစ်ဦးနဲ့ မတော်တဆအလွဲတွေ ဖြစ်ရင်း သူ့ရဲ့သေတ္တာထဲကနေ သတ္တဝါအချို လွတ်မြောက်သွားတဲ့အခါ တိုက်ခိုက်မှုတွေရဲ့အကြောင်းရင်းဟာ သူ့ကြောင့်လို သံသယဖြစ်စရာတွေပေါ်လာပြီး ဖြေရှင်းဖိုကြိုးစားရပါတော့တယ်။

အမျိုးအစား: AdventureFantasyFamilyDrama

ဆက်စပ်