Movie95
Do You Love Me? (2023)
Do You Love Me? (2023)

Do You Love Me? (2023)

2023 86 မိနစ် 6.1

သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Ukraine ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်က ဆိုဗီယက်ပြည်ထောင်စု မပြိုလဲခင် တစ်နှစ်အလို ၁၉၉၀ခုနှစ် ဆိုဗီယက်ယူကရိန်းနိုင်ငံမှာ ဇာတ်လမ်းတည်ထားပါတယ်။ ခီရာဆိုတဲ့ကောင်မလေးက လူကုန်ထံအသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ကောင်မလေး တစ်ယောက်ပါ။ ခီရာ့ရဲ့အဖေက ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ခီရာကလည်း သရုပ်ဆောင်မင်းသမီးဖြစ်ဖို ကြိုးစားနေတဲ့ ကောင်မလေးဖြစ်ပါတယ်။ တိုင်းပြည်က ခေတ်ပျက်နေတာတောင် ခီရာတိုမိသားစုက ပဲရစ်မြိုက တင်သွင်းထားတဲ့ Pepsi၊ နိုင်ငံခြားက တင်သွင်းတဲ့ နာရီလိုမျိူး လူသုံးကုန်ပစ္စည်းတွေကို ဝတ်နိုင်တဲ့အထိ ချမ်းသာတဲ့ မိသားစုတွေပါ။ ခီရာတိုက ချမ်းသာရုံတင် မဟုတ်ဘဲ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ပါတယ်။ အဖိုးဆိုရင် ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ် နာဇီ ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့တဲ့ တပ်နီရဲဘော်တစ်ယောက်ပါ။ ဒါပေမယ့် ပိုက်ဆံနဲ့ ဂုဏ်တွေက ပျော်ရွှင်အောင် လုပ်ပေးနိုင်ပေမယ့် အတိုင်းတာတစ်ခုအထိပါပဲ။ အရာရာအဆင်ပြေနေတဲ့ ခီရာတစ်ယောက် မထင်မှတ်ထားတဲ့ ကိစ္စတွေကို ကြုံလာရတဲ့အခါတော့ အသက် ၁၇နှစ်ပဲ ရှိသေးတဲ့ ကလေးမဟုတ် လူကြီးမဟုတ်တဲ့ ကာလမှာ သူ့အရွယ်နဲ့ ရုန်းကန်လာရပါတော့တယ်။ ခေတ်ပျက်ကြီး ထဲမှာ ရုန်းကန်ရင်း ခီရာရဲ့ အချစ်ရေးအကြောင်းကိုလည်း ယှဥ်တွဲပြီး ဖော်ပြပေးသွားတာ တကယ်ကို အံ့မခန်းပါပဲ။ ဒီရုပ်ရှင်မှာ ဆိုဗီယက်မပြိုလဲခင် တိုင်းပြည်ရဲ့နေရာတကာမှာ အယိုင်ယိုင်အလဲလဲဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး ဆိုဗီယက်ရဲ့အခွန်စနစ်၊ ရိက္ခာ ခွဲဝေမှုစနစ်နဲ့ အစားသောက် ရှားပါးလာပုံတွေ မှောင်ခိုလောကတွေ အကုန်လုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကဲ ခီရာတစ်ယောက် ခေတ်ပျက်ကြီးထဲမှာ သူ့ရဲ့ဘဝလေးကို ဘယ်လိုရုန်းကန်ရင်း အချစ်ပျောက်လိုက်ရှာမလဲဆိုတာကို ရုပ်ရှင်ကိုကြည့်ရင်း စီးမြောလိုက်ရအောင်။

အမျိုးအစား: Drama

ဆက်စပ်