Chronicle of a Blood Merchant (2015)
ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အိုရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတိုမိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တိုပါဝင်ထားပါတယ်။