Movie95
Bajirao Mastani [ 2015 ]
Bajirao Mastani [ 2015 ]

Bajirao Mastani [ 2015 ]

2015 158 မိနစ် 7.3

စစ်သူရဲကောင်း ဘာဂျီရောဝ်ဟာ စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦးဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း ပိုင်ဆိုင်ထားသူပါ။ တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါရန် အကူညီတောင်းခံလာခဲ့သည်။ ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်မင်းသမီး မာစတီးနီ တိုဘက်မှ အနိုင်ရှိခဲ့လေသည်။ ထိုနောက် ဘာဂျီရောဝ်ဟာ မင်းသမီးလေးကိုချစ်မြတ်နိုးလာပြီး သူမပြန်ခင်အချိန်မှာ သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။ မင်းသမီး မာစတီးနီ တိုတိုင်းပြည်မှာတော့ ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်တောင်းခြင်းလို အဓိပ္ပာယ် သက်ရောက်ပြီး ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို တယုတယသိမ်းထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံပြီး ကြိုးစားခဲ့တယ်။ ဒီဇာတ်ကားလေးဟာဖြင့် အိန္ဒိယသမိုင်းကို အခြေပြုရိုက်ကူးထားပြီး ဆုပေါင်း ၁၄ ခု ရရှိအောင်မြင်ထားပါတယ်။ ထိုပြင်မင်းသမီးချော ဒီးပီကာနဲ့ ချိုပရာတို ပါ၀င်သရုပ်ဆောင်ထားပြီး မိန်းမသားတိုရဲ့ခံစားချက်/ အချစ်ရဲ့ခံယူချက်ကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ်။

အမျိုးအစား: DramaRomanceHistory

ဆက်စပ်