Movie95
Bahubali (2015)
Bahubali (2015)

Bahubali (2015)

2015 159 မိနစ် 8

ကားဟောင်းထဲကမှပြန်ကြည့်လိုရိုးမသွားဘဲ ဘာဟူဘာလီ မင်းသား ဟု နာမည်တွင် ကျော်ကြားတဲ့ ဇာတ်ကားကောင်း ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတိုကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို လိုက်ဖိုကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။

အမျိုးအစား: ActionDramaFantasy

ဆက်စပ်