ASSASSINATION(2015)
ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအိုယွန်း စက်သေနတ်သမား ချူဆန်းအို ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ ဖွဲခဲ့ပြီးနောက်… သစ္စာဖောက်တစ်ယောက်ကြောင့် သူတိုရဲ့ အစီအစဉ် ကျရှုးသွားတဲ့အခါ… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ခံစား ကြည့်ရှူကြပါ ။ ဒီဇာတ်ကားမှာတော့ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Lee Jung-Jae နဲ့ Jun Ji-Hyun တိုက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။