Movie95
American Star (2024)
American Star (2024)

American Star (2024)

2024 106 မိနစ် 5.5

အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့ John Wickထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the Caribbeanထဲက Captain Blackbeardဖြစ်တဲ့ မင်းသားကြီးIan McShaneပါ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲ ကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။ 'American Star'ဆိုတာက ကန်နေရီကျွန်းများထဲမှကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊ သယ်ပိုယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်း ကုန်သယ်ဖို၊ ဟိုတယ်ဖွင့်ဖို စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ‌လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။ နောက်ဆုံးတော့ ၁၉၉၄ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပိုဆောင်ရင်း လမ်းခုလတ်မှာ မုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင် နေခဲ့ပါတယ်...။ ၂၀၂၂ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကို လူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို ...

အမျိုးအစား: DramaMysteryThriller

ဆက်စပ်