Alpha 2018
ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖိုရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့ လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတိုမျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို ကေဒါရဲ့ အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့ နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်