Movie95
7G (2024)
7G (2024)

7G (2024)

2024 138 မိနစ် 4.2

လူ့ပတ်ဝန်းကျင်မှာ အများဆုံးမြင်တွေ့ရတာကတော့ ရှေ့တစ်မျိုးနောက်တစ်မျိုးနဲ့ မျက်နှာ၂ဖက်ရှိတဲ့လူတွေပါပဲ ကိုယ့်ထက်သာလွန်ပြီး အောင်မြင်နေတယ်ဆိုရင် ရှေ့မှာတော့ချီးကျူး နောက်ကွယ်ကျ ကိုယ်ဘေးအန္တရာယ်ကျအောင် ခိုးလုပ်တဲ့လူတွေက လက်တွေ့မှာပါ ရှိတတ်ပါတယ် မနာလိုစိတ်တစ်ခုက ဘယ်လောက်ကြောက်ဖိုကောင်းတယ်ဆိုတာကိုဒီကားလေးကြည့်ပြီး သတိထားနိုင်ကြဖိုတင်ဆက်ပေးလိုက်ရပါတယ် 7G ဆိုတဲ့တိုက်ခန်းကိုဝယ်ပြီး အိမ်ပြောင်းလာကြတဲ့ ရာ့ဂ်ျ၊ဗာရှာနဲ့ ရာဟူးဆိုတဲ့ မိသားစု ၃ယောက် ..မွေးကတည်းကတိုက်ခန်းငှားနေခဲ့ရတဲ့ဗာရှာက ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖိုဆိုတာ သူ့အိပ်မက်ဆိုလည်းမမှားဘူးပေါ့ မိသားစုရယ်ဖြစ်လာတော့ ကိုယ်ပိုင်အိမ်ရဖိုက သူတိုပန်းတိုင်ဖြစ်ခဲ့ပြီး တကယ်လည်းကြိုးစားနိုင်ခဲ့တယ်အိမ်သစ်တက်ပွဲအနေနဲ့ အသိမိတ်ဆွေတွေဖိတ်ပြီး ပါတီပွဲလေးလုပ်မိကြတယ် ဒါပေမဲ့ ဒီပါတီပွဲက သူတိုဘဝကို ကံဆိုးမိုးမှောင်နဲ့ ကမောက်ကမဖြစ်စေနိုင်မဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်လာလိမ့်မယ်ဆိုတာသာ သူတိုကြိုသိခဲ့ရင် သူတိုလုပ်ဖြစ်ကြဦးမလား… သူတိုအောင်မြင်မှုကို မနာလိုဖြစ်နေတဲ့လူတစ်ယောက်က သူတိုဘဝထဲဘယ်လိုပရလောကသားတွေကိုခေါ်သွင်းလာမလဲမမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို သူတိုဘယ်လိုတွေရုန်းကန်ရမယ်ဆိုတာကိုတော့….

အမျိုးအစား: HorrorMysteryThriller

ဆက်စပ်